အရှင်ဇောတယ၏ အတ္ထုပ္ပတ္တိအကျဉ်း

အရှင်ဇောတယကို ၁၃၃၈ – ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်၊ (1976, Oct, 12)အင်္ဂါနေ့တွင် တောင်ကြီးမြို့နယ်၊ မိုင်းသော် အနောက်အုပ်စု၊ ပန့်ပုန်းကျေးရွာတွင် ခမည်းတော် ဦးထွန်းပင် (ရွာအခေါ် ဗေဒင်ဟောသောကြောင့် ဆရာပင်) + ဒေါ်လေ တို့မှ သားဦးရတနာအဖြစ် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်စန်းလွင် ဖြစ်သည်။ ၁၉၈၇ ခုနှစ်အထိ စာသင်ကျောင်းတွင် ပဥ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် အရေးအခင်းကြောင့် ကျောင်း ဆက်မတက်ဖြစ်တော့ပေ။ ထိုခုနှစ်ပြီးနောက်ပိုင်း မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ်၊ နယုန်လပြည့်နေ့၊ အင်္ဂါနေ့တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံလွန်းကျောင်းဆရာတော် ဦးဂုဏိဿရကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဘွဲ့တော်မှာ...

Continue reading