နွေရာသီသင်တန်း

မနှစ်က အပျိုလူပျိုတွေကို စုပြီး သင်တန်းပေးခဲ့သလို ကလေးငယ်လေးတွေကိုလည်း သင်တန်း ပေးခဲ့ပါတယ်။ ကလေးငယ်ပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ငါးတန်းနဲ့အထက်ကလေးကို ခေါ်ခဲ့ပါသေးတယ်။ သို့သော်လည်း စက်ရုံက မိဘများရော ဖောင်တော်ဆိုက်ရွာ၊ နောင်ချိုရွာက ကလေးမိဘများကပါ သူတို့ ကလေးအားလုံးကို လာပို့ကြပါတယ်။

ကလေးတွေကို ခုနှစ်တန်းအထက်ကို တဖွဲ့၊ လေးတန်းနဲ့အထက်ကို တဖွဲ့၊ သုံးတန်းအောက်ကို တဖွဲ့ဆိုပြီး နှစ်ဖွဲ့ဖွဲ့လိုက်ပါတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ထုတ်တဲ့ ဓမ္မစကူးလ် အဆင့်သုံးဆင့်ကို စတင်သင်ပေးပါတယ်။ သင်ပေးတဲ့ ဆရာမကို ဟိုပုံးမြို့နောင်တောင်းပရဟိတက ခေါ်ထားတာပါ။ ဆရာမနှင်းရင်ထွေး၊ ဆရာမနန်းချယ်ရီ၊ ဆရာမစန္ဒာအေး၊ ဆရာမနန်းအောင်တို့လေးယောက်ပါ။ သင်တန်းက အစရဲ့ အစဆိုတော့ တဖက်မှာ ပူးတွဲလုပ်နေတဲ့ လူငယ်သင်တန်းက ဆရာမနန်းရီရီလေး ဆရာမခမ်းလီတို့ကလည်း ကူညီပါတယ်။ ပြီးတော့ လူငယ်သင်တန်းဆင်း သင်တန်းသား သူတွေကိုလည်း ထပ်ဆင့် ပြန်လည်သင်တန်းပေးစေခဲ့ပါတယ်။

သင်ကြားပေးခဲ့တာက ငြိမ်းချမ်းရေးအတွက် ကစားနည်းများပါဝင်တယ်။ လောကတ္ထစရိယ ဖောင်ဒေးရှင်းကထုတ်တဲ့ သင်ကြားနည်း အသစ်တွေနဲ့ ၃၈ ဖြာမင်္ဂလာပါဝင်တယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ထုတ်တဲ့ ဓမ္မစကူးလ်ပါတယ်။ ပအိုဝ်းစားပါတယ်။ သင်တန်းကာလကတော့ သင်္ကြန်မရောက်ခင် တစ်လကြာမြှင့်ခဲ့ပါတယ်။ အောင်မြင်ခဲ့တဲ့ သင်တန်းတခုလည်း ဖြစ်ပါတယ်။

print

Facebook Comments