ပုံပြင်များ၏ အစ

ကျောင်းတိုက်ဟူ၍ မဖြစ်မီ မဆွကပင် တောရဓမ္မာရုံလေး တလုံးရှိနှင့်ပြီးသား ဖြစ်သည်။ ဓမ္မာရုံလေးကိုတော့ဖြင့် ဘုံအလှူအဖြစ်ဖြင့်သာ မှတ်ရသည်။ အလှူရှင် ဟူ၍ တိတိပပ ရှိမနေ။ ကျောင်းထိုင်ပုဂ္ဂိုလ်နဲ့တကွ ထားမည်ဟု ဆုံးဖြတ်ခဲ့စဉ်က အကာအရံပင် မရှိသေး။ လျှပ်စစ်မီးကတော့ဖြင့် ရောက်နေပြီ ဖြစ်သည်။ ရေလည်းရောက်နိုင်သည်။ လွယ်ကူပါသည်ဟု ဆိုပါသဖြင့် စူဠာမုနိဆရာတော်၊ ပအိုဝ်းပိဋကတ်ဘာသာပြန်ဆရာတော်၊ နောင်တောင်းဆရာတော်တို့နှင့်အတူ လာရောက်ကြည့်ရှုပြီးနောက် အမှတ် (၅) ပင်းပက် သံမဏိစက်ရုံမှ ဦးအောင်ဆွေဦးတို့အား ကျောင်းကို နံရံလေးကာကာ အခန်းလေး ဖွဲ့စေခဲ့သည်။ အခန်းဖွဲ့ နံရံကာ အိမ်သာကို အမြန်ပြုလုပ်နေစဉ် ဒေသခံများက မည်သူမှန်းမသိ ငါတို့ဓမ္မာရုံဆီ တခုခု လာလုပ်နေကြသည်ဟု ဖြစ်လာသဖြင့် ရှေ့ပြေးအဖြစ် ဦးပဇင်း တပါးကို လာရောက်နေထိုင်စေခဲ့သည်။ ဦးနန္ဒဝံသဆိုသည့် ဦးဇင်းဖြစ်သည်။ သူရောက်စတွင် ရေခွက်တခွက်

Continue reading

ပါရမီကျောင်းတိုက်

ပါရမီကျောင်းတိုက်သည် တောင်ကြီးမြို့နယ်၊ မြန်မာအစိုးရအလို နမ့်ဆီးကျေးရွာအုပ်စု၊ ပအိုဝ်းတိုင်းရင်းသား အလို ဖောင်တော်ဆိုက်အုပ်စု ဖောင်တော်ဆိုက်ရွာ၏ တောင်ဘက် ဘုရားကိုးဆူ စေတီတည်ထားကိုးကွယ်သည့် တောင်တော်နှင့် ပင်းတယစေတီတော်တည်ထားသည့် နေရာမြေတွင် တည်ရှိသည်။ ကျောင်းတိုက်ကို ၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက်၊ (၂၀၊၃၊၂၀၁၆) ခုနှစ်သောကြာနေ့တွင် လက်ရှိ ကျောင်းထိုင်သည့် ဆရာတော်ကို တောင်ကြီးမြို့၊ မြို့နယ်အတွင်းရေးမှူး ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဂုဏာဝံသာလင်္ကာရ (စူဠာမုနိဆရာတော်) နှင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာ၊ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်မှ ရှမ်းပြည်တောင်ပိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိတို့မှ ပေးအပ်ခဲ့သည်။ ယခင်မှ ကျောင်းတိုက်ကို လက်ရှိ ကျောင်းထိုင်ဆရာတော်အား မအပ်မီ ဖောင်တော်ဆိုက် ကျေးရွာမှ ရပ်မိ ရပ်ဖများက တောင်ကြီးမြို့၊ မြို့နယ် အတွင်းရေးမှူး

Continue reading