ပထမဆုံးသင်တန်း

ကျောင်းတိုက်သစ်ကို မမျှော်လင့်စွာ တည်ထောင်မိသော်လည်း မျှော်လင့်မိသည့် မိမိမျှော်လင့်ချက်လေးတော့ ရှိသည်။ နိုင်ငံနယ်နိမိတ်စည်းမျဉ်းပေါ်တွင် တည်ရှိတတ်သော ကျေးလက်များအကြောင်းတော့ မပြောတတ်။ ယခုလက်ရှိရွာလေးသည် တောင်ကြီးမြို့နယ်၏ အစွန်တွင် ရှိပြီး ရွာအရှေ့ဘက်ခြမ်းရှိ ချောင်းတဖက်သို့ကူးလိုက်လျင် ဟိုပုံးမြို့နယ်ထဲ သို့ရောက်သွားရသည်။ တောင်ကြီးမြို့နယ်က လူကြီးများက ပအိုဝ်းရွာလည်းဖြစ် ဟိုပုံးနယ်စပ်လည်းဖြစ် ဟုသတ်မှတ်ပြီး ဟိုပုံးက ကြည့်လိမ့်မည်ဟု ထင်သည်။ ဟိုပုံးကလည်း တောင်ကြီးမြို့နယ်ထဲပါသဖြင့် တောင်ကြီးမြို့နယ်ဘက်က ကြည့်လိမ့်မည်ဟု ထင်ထားကြပုံရသည်။ အစိုးရ ပညာရေး အခြေအနေဖြင့် တိုင်းတာပြရလျှင် အိမ်ခြေ ၁၀၀ နီးပါးရှိသော ရွာလေးတွင် တက္ကသိုလ်ဝင်တန်းအထိ ရောက်ဖူးသူ တစ်ဦးသာ ရှိသည်။ အချို့က အမြင့်ဆုံးအတန်း ခုနှစ်တန်းသို့ ရောက်ဖူးသည်။ ကျန်သည့်သူများကတော့ တတန်းဆိုသည့်မှစ၍ ရေတွက်၍ ရသည်။ လိုချင်သည့် ရွာ အနေအထားနဲ့ ကိုက်သည်။

Continue reading