ကျောင်းကလေးရဲ့ ရည်ရွယ်ချက်

ကျောင်းကလေးကို အသစ်တခု ရွေးချယ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းလေး တခု ပေါ်လာအောင် ဖွဲ့စည်းသွားမည်။ ကျောင်းကလေး၏ ပတ်ဝန်းကျင်သည် ယာလုပ်ဖို့ ခြံလုပ်ဖို့ ပြောင်းရွှေ့နေထိုင်သည့် တောင်သူလယ်သမားတွေ များ၏။ သူတို့သည် ယာတွေလုပ်ရင်း ခြံတွေလုပ်ရင်း ပြောင်းရွှေ့နေကြတဲ့အတွက် ဘာသာရေး၊ လူမှုရေး၊ ပညာရေးတွေမှာ အားနည်းကြသည်။ သို့အတွက် သူတို့ သင်ယူရန် လွယ်ကူသော ပညာရေးမျိုးကို ပေးမည်။ အဓိကမှာ သူတို့ကိုယ်သူတို့ ယုံကြည်ဖို့၊ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်ဖို့ ပညာရေးမျိုးကို ဖြစ်မည်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထား လေးစားတတ်သော လူမှုအသိုင်းအဝိုင်းလေး ဖြစ်ရမည်။ ကျောင်းလေးထဲတွင် အတူလာရောက် နေထိုင်သော ကျောင်းသား ကျောင်းသူ သို့တည်းမဟုတ် ကူညီပေးသူ အားလုံးကိုလည်း တစ်ဦးချင်းစီ သူတို့ပန်းတိုင်နဲ့ သူတို့

Continue reading