လူတစ်ယောက်ကို ကောင်းသည် ဆိုးသည်ဟု ဆုံးဖြတ်ချက်ချ ဝေဖန်လိုက်ခြင်းသည်လည်းကောင်း၊ အတင်းပြောခြင်းသည်လည်းကောင်း၊ ယှဉ်ပြိုင်ခြင်းသည်လည်းကောင်း၊ တာဝန်ယူရန် ငြင်းပယ်ခြင်းသည်လည်းကောင်း သင်ကူညီဖူးသည့် အချက်အလက်များကို ထပ်ခါထပ်ခါ ထုတ်ဖော်ြခင်းသည်လည်းကောင်း လူတစ်ယောက်၏ ဘဝကို သတ်လိုက်ခြင်းဖြစ်သည်။ သင်လုပ်မိနေပြီလား။

ကိုယ့်သူငယ်ချင်း၊ ကိုယ့်လက်အောက်ငယ်သား၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဆုံးဖြတ်ချက်ချခြင်းသည် သူတပါး၏ ပျော့ကွက်ကို အာရုံစိုက်မိနေခြင်း ဖြစ်သည်။ မယ်လိုဒီဘီယာတီ ပြောဖူးသည်။ တဖက်ဖက်မှ ကြည့်လိုက်ခြင်းသည် သင့်အမြင်ကို ပြောင်းလဲစေသည် ဟူ၍ ဖြစ်သည်။ သင့် လိုအပ်ချက်ဖြင့်သာ တပါးသူကို မဆက်ဆံသင့်ပါ။ အခြားသူ တစ်ဦးတစ်ယောက်မှ အလုပ်တစ်ခုခု လုပ်နေခြင်းသည် သူ၏ အသက်ရှင်နေထိုင်မှုအတွက် လုပ်နေသည်ဟု သင်သိထားရမည်။ သင့်လိုအပ်ချက်ကြီးများကို လာရောက် ဖြည့်ဆည်းပေးနေသည်ဟု မမှတ်ယူသင့်။ ဤအချက်ကို သင်အထူး အာရုံစိုက်ရမည်။ သင့်အတွက် သူ တခုခု လုပ်ပေးနေပါက သူတို့နှင့် သင်နားလည်မှု တခုခု ယူထားရမည်။ မဟုတ်ပါက သင့်ဆက်ဆံရေးသည် တပါးသူ၏ ဘဝကို သတ်နေသော ဆက်ဆံရေးမျိုး ဖြစ်နေလိမ့်မည်။ တပါးသူနှင့် ဆက်ဆံသည့်အခါ သင်ရိုးသားဖို့လိုသည်။ မည်ကဲ့သို့ ရိုးသားရမည်နည်း။ သင့်လိုအပ်ချက်ကို သင်ရိုးသားစွာ ပြောရမည်။ ထို့အတွက် တပါးသူကို မေတ္တာရပ်ခံရမည်။ သင်မည်သူ ဖြစ်နေပါစေ။ မေတ္တာရပ်ခံရမည်။

နောက်တချက်မှာ စာနာစိတ်ထားရှိရမည်။ စာနာစိတ်ဆိုသည်မှာ တဖက်သား ပြောလာသည့် စကားကို နားထောင်ပေးတတ်ခြင်း ဖြစ်သည်။ သူ၏ ခံစားချက်၊ လိုအပ်ချက်နှင့် သူ့ဘဝကို နက်နက်ရှိုင်းရှိုင်းသိအောင် နားထောင်တတ်ရမည်။ ကြား တယောက်၏ စကားမဟုတ်။ နားထောင်နေစဥ် ကောက်ချက်ချခြင်းမျိုး ဆုံးဖြတ်ချက်ချခြင်းမျိုး အကြံပေးခြင်းမျိုး မလုပ်ရ။ ဥပမာ “မင်း ဒီလိုလုပ်သင့်တယ်” ဟု အကြံပေးခြင်းမျိုး၊ “ငါလည်း အဲလိုလုပ်မယ် ဒါပေမယ့်..” ဟု ချက်ချင်း ရှင်းပြတာမျိုး၊ “အဲလို မဟုတ်လောက်ပါဘူး” ဟု ဝင်ပြင်တာမျိုး၊ “အဲဒါ မင်းအပြစ်မဟုတ်ဘူး” ဟု ဝင်အားပေးတာမျိုး၊ “အင်း ငါ့အတိတ်ကို လာဖော် နေသလိုပါလား” ဟု ပုံပြင်လုပ်ပစ်တာမျိုး၊ “ပျော်ပျော်နေစမ်းပါ၊ အဲလောက်လည်း မဟုတ်သေးပါဘူး” ဟု သူတပါး ခံစားချက်ကို ပိတ်ပစ်တာမျိုး၊ “အိုး ဟုတ်လား” ဟု သနားပြတာမျိုး၊ “အဲလို လုပ်ဖို့ ဘယ်သူက ပြောလဲ” စသဖြင့် စစ်ဆေးတာမျိုး၊ “မင်းက လက်တွေ့မကျလိုက်တာ” ဟု ပညာပေးတာမျိုး၊ “မင်း ပြောတာတွေက မဟုတ်ပါဘူး၊ အမှန်က ဒီလို” ဆိုကာ နည်းလမ်းပေး ဆရာ၀င်လုပ်တာမျိုးဖြစ်သည်။ သို့သော်လည်း တပါးသူ ပြောသမျှ သဘောတူစေခြင်းမဟုတ်။ ပြန်၍ မချေပဘဲ ငြိမ်နားထောင်ခြင်းမျိုးလည်း မဟုတ်။ ဥပမာ။ “ငါဘာလို့များ ရူးရူးမိုက်မိုက် လုပ်မိခဲ့တာပါလိ့မ်” ဟု ကြားခဲ့လျင် “လောကမှာ ပြီးပြည့်စုံတဲ့သူ ဆိုတာ မရှိပါဘူး သူငယ်ချင်းရာ” စသဖြင့် စာနာ နားထောင်ခြင်းမျိုးကို ဆိုလိုသည်။ နောက်ထပ် ဥပမာ “ငါ့ပုံကလည်း ရုပ်ဆိုးလိုက်တာ” ဟုပြောလာသည့်အခါ “နင်လား ချောပါတယ်၊ ပြောရလောက်အောင်လည်း ရုပ်မဆိုးပါဘူး” စသဖြင့် တပါးသူ စိတ်ဒဏ်ရာကင်းမည့် စကားများ ပြန်ပြောခြင်းမျိုးကို စာနာစိတ်ဖြင့် နားထောင်ခြင်းဟုခေါ်သည်။ ခံစားချက်ကို နားလည်ပေးခြင်း။ အားပေးခြင်း။ ကူညီနိုင်ပါက ကူညီပေးခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့ စာနာစိတ်ဖြင့် နားထောင်တတ်ဖို့ သင့်စိတ်ကို ဗလာကျင်းထားရမည်။

ကောင်းစွာ နားထောင်တတ်ခြင်းသည် ကောင်းစွာ ပြောခြင်းကဲ့သို့ အားကြီးပါသည်။

Power Point တခုမှ ကူးယူဖော်ြပသည်။

print
Facebook Comments