နွေရာသီသင်တန်း

မနှစ်က အပျိုလူပျိုတွေကို စုပြီး သင်တန်းပေးခဲ့သလို ကလေးငယ်လေးတွေကိုလည်း သင်တန်း ပေးခဲ့ပါတယ်။ ကလေးငယ်ပေါင်း တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ငါးတန်းနဲ့အထက်ကလေးကို ခေါ်ခဲ့ပါသေးတယ်။ သို့သော်လည်း စက်ရုံက မိဘများရော ဖောင်တော်ဆိုက်ရွာ၊ နောင်ချိုရွာက ကလေးမိဘများကပါ သူတို့ ကလေးအားလုံးကို လာပို့ကြပါတယ်။ ကလေးတွေကို ခုနှစ်တန်းအထက်ကို တဖွဲ့၊ လေးတန်းနဲ့အထက်ကို တဖွဲ့၊ သုံးတန်းအောက်ကို တဖွဲ့ဆိုပြီး နှစ်ဖွဲ့ဖွဲ့လိုက်ပါတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ထုတ်တဲ့ ဓမ္မစကူးလ် အဆင့်သုံးဆင့်ကို စတင်သင်ပေးပါတယ်။ သင်ပေးတဲ့ ဆရာမကို ဟိုပုံးမြို့နောင်တောင်းပရဟိတက ခေါ်ထားတာပါ။ ဆရာမနှင်းရင်ထွေး၊ ဆရာမနန်းချယ်ရီ၊ ဆရာမစန္ဒာအေး၊ ဆရာမနန်းအောင်တို့လေးယောက်ပါ။ သင်တန်းက အစရဲ့ အစဆိုတော့ တဖက်မှာ ပူးတွဲလုပ်နေတဲ့ လူငယ်သင်တန်းက ဆရာမနန်းရီရီလေး ဆရာမခမ်းလီတို့ကလည်း ကူညီပါတယ်။ ပြီးတော့ လူငယ်သင်တန်းဆင်း သင်တန်းသား

Continue reading

စာနာစိတ်ဖြင့် နားထောင်ခြင်း

လူတစ်ယောက်ကို ကောင်းသည် ဆိုးသည်ဟု ဆုံးဖြတ်ချက်ချ ဝေဖန်လိုက်ခြင်းသည်လည်းကောင်း၊ အတင်းပြောခြင်းသည်လည်းကောင်း၊ ယှဉ်ပြိုင်ခြင်းသည်လည်းကောင်း၊ တာဝန်ယူရန် ငြင်းပယ်ခြင်းသည်လည်းကောင်း သင်ကူညီဖူးသည့် အချက်အလက်များကို ထပ်ခါထပ်ခါ ထုတ်ဖော်ြခင်းသည်လည်းကောင်း လူတစ်ယောက်၏ ဘဝကို သတ်လိုက်ခြင်းဖြစ်သည်။ သင်လုပ်မိနေပြီလား။ ကိုယ့်သူငယ်ချင်း၊ ကိုယ့်လက်အောက်ငယ်သား၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဆုံးဖြတ်ချက်ချခြင်းသည် သူတပါး၏ ပျော့ကွက်ကို အာရုံစိုက်မိနေခြင်း ဖြစ်သည်။ မယ်လိုဒီဘီယာတီ ပြောဖူးသည်။ တဖက်ဖက်မှ ကြည့်လိုက်ခြင်းသည် သင့်အမြင်ကို ပြောင်းလဲစေသည် ဟူ၍ ဖြစ်သည်။ သင့် လိုအပ်ချက်ဖြင့်သာ တပါးသူကို မဆက်ဆံသင့်ပါ။ အခြားသူ တစ်ဦးတစ်ယောက်မှ အလုပ်တစ်ခုခု လုပ်နေခြင်းသည် သူ၏ အသက်ရှင်နေထိုင်မှုအတွက် လုပ်နေသည်ဟု သင်သိထားရမည်။ သင့်လိုအပ်ချက်ကြီးများကို လာရောက် ဖြည့်ဆည်းပေးနေသည်ဟု မမှတ်ယူသင့်။ ဤအချက်ကို သင်အထူး အာရုံစိုက်ရမည်။ သင့်အတွက် သူ

Continue reading

လူမှုယှက်နွယ် ဗုဒ္ဓဘာသာ (၁)

လူမှုယှက်နွယ် ဗုဒ္ဓဘာသာဟု ပြောလိုက်လျင် ဗုဒ္ဓဘာသာဝင်များကို စတင်ဦးမြင်ကြပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင်ဟု ပြောလိုက်လျင် သူတော်စင် ဆိုသည့် စကားလုံးနှင့်လည်း ပြေးယှက်လိုက်မိသည်။ ဤတွင် သူတော်စင်ဆိုသည်ကို အကျယ် အကျယ် မပြောခင် ဗုဒ္ဓဘသာဝင်ဆိုသည်လေးကိုပဲ ပြောချင်သည်။ ဗုဒ္ဓဘာသာဝင် ဆိုသူမှာ လက်ရှိ ဗုဒ္ဓကို ကိုးကွယ်သူကို ဆိုလိုသည်။ ဗုဒ္ဓ၏ အန္တိမပန်းတိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိရေးဖြစ်သည်။ နိဗ္ဗာန်ရရေး ရောက်ရှိရေးသည် ပါရမီ မရင့်သန်သော လူတိုင်းအတွက် သို့တည်းမဟုတ် ငယ်ရွယ်နေသေးသည့် ဗုဒ္ဓဘာသာဝင်အတွက် အလှမ်းဝေးသည်။ တကယ်လည်း ဝေးကွာလှပါသည်။ ထို့ကြောင့် ဗုဒ္ဓသည် နိဗ္ဗာန်ရောက်ရှိရေး နိဗ္ဗာန်ရရေးကိုသာ ဦးတည်ဟောပြောခဲ့လေသလားဟု မေးဖွယ်ရှိသည်။ ဗုဒ္ဓမည်ကဲ့သို့ နေထိုင်ခဲ့သနည်း မည်ကဲ့သို့ ဟောကြားခဲ့သနည်းကို တွေးခေါ်နည်းပေါင်းစုံဖြင့် တွေးကြည့်စေချင်သည်။ ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ နေထိုင်သင့်သနည်း။ ထို့အတူ

Continue reading

Challenge E-book

ဒီစာအုပ်ကို အရင်က http://jjqqyy.com မှာ တင်ထားခဲ့ဖူးပါတယ်။ site expired ဖြစ်တာကို မသိလိုက်လို့ renew ပြန်လုပ်ချိန်ကို သုံးလ သတ်မှတ်လိုက်တဲ့အတွက် site ကို ပြန်မရသေးပါဘူး။ ခု ပြန်တင်ဖြစ်ပေမယ့်လည်း အရင်ကတည်းက ပါနေတဲ့ အမှားတွေကို ပြန်မပြင်ဖြစ်သေးပါဘူး။ အောက်ပါ ပုံကနေပြီးတော့ Download လုပ်နိုင်ပါတယ်။ မရရင် Download here ကနေ Download ပါ။ Thanks JQY  

ပညာရေး ပြုပြင်ပြောင်းလဲမှုကြီး

ဤအကြောင်းအရာကို မပြောခင် “ဒီလောရဲ့ ဂရစ်” ဆိုသည်၏ ပညာရေး ဖွင့်ဆိုချက်ကို ဦးစွာ တင်ပြလိုသည်။ ပညာရေးဆိုသည်မှာ … သိရန်သင်ကြားခြင်း (အရေးအဖတ် အတွက်နှင့် ပြောတတ် ဆိုတတ် စသည့် အခြေခံသင်ယူစရာ ကိရိယာများ) ပြုလုပ်တတ်ရန်သင်ကြားခြင်း (အလုပ်တခုရရန်၊ ဘဝတခုရပ်တည်နိုင်ရန် လိုအပ်သော အရည်အချင်းများကို သင်ခြင်း) နေထိုင်တတ်ရန်သင်ကြားခြင်း (လူ့မှုအသိုင်းအဝိုင်းအတွင်း နေထိုင်တတ်ရန်၊ ဆက်ဆံတတ်ရန်၊ ပြဿနာများ ဖြေရှင်းတတ်ရန်၊ အခြားသူများအား သည်းခံနားလည်တတ်ရန် သင်ကြားခြင်း) တစုံတယောက်ဖြစ်ရန် သင်ကြားခြင်း (အနုပညာ အရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာအောင် ကိုယ်ပိုင်အတွေးအခေါ် တိုးတက်လာအောင် သင်ကြားခြင်း) ပြောင်းလဲနိုင်အောင် သင်ကြားခြင်း (ပတ်ဝန်းကျင်ထိန်းသိမ်းတတ်ခြင်း၊ ရိုသေလေးစားတတ်ခြင်း၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာများကို နားလည်အောင် သင်ကြားခြင်း) ဟူ၍ ဖြစ်သည်။ လက်ရှိ ပညာရေးသည် ထိုအချက်များကို ဖြစ်မြောက်အောင်

Continue reading