My Photoအရှင်ဇောတယကို ၁၃၃၈ – ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်၊ (1976, Oct, 12)အင်္ဂါနေ့တွင် တောင်ကြီးမြို့နယ်၊ မိုင်းသော် အနောက်အုပ်စု၊ ပန့်ပုန်းကျေးရွာတွင် ခမည်းတော် ဦးထွန်းပင် (ရွာအခေါ် ဗေဒင်ဟောသောကြောင့် ဆရာပင်) + ဒေါ်လေ တို့မှ သားဦးရတနာအဖြစ် မီးရှူးသန့်စင် ဖွားမြင်တော်မူသည်။ ငယ်နာမည်မှာ မောင်စန်းလွင် ဖြစ်သည်။ ၁၉၈၇ ခုနှစ်အထိ စာသင်ကျောင်းတွင် ပဥ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် အရေးအခင်းကြောင့် ကျောင်း ဆက်မတက်ဖြစ်တော့ပေ။ ထိုခုနှစ်ပြီးနောက်ပိုင်း မြန်မာသက္ကရာဇ် ၁၃၄၉ ခုနှစ်၊ နယုန်လပြည့်နေ့၊ အင်္ဂါနေ့တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံလွန်းကျောင်းဆရာတော် ဦးဂုဏိဿရကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဘွဲ့တော်မှာ ရှင်ဇောတယ ဖြစ်သည်။ ၁၃၅၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၄) ရက်၊ စနေနေ့တွင် တောင်ကြီးမြို့နယ်၊ ဇလဲကျောင်းတိုက်၊ ဆရာတော်ဦးသုဝဏ္ဏကို ဥပဇ္ဈာယ်ပြုလျက် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စု၊ နာဟစ်ကျောင်း၊ ခဏ္ဍသိမ်တော်တွင် နာဟစ်ကျေးရွာ၊ ရဟန်းဒါယကာ ဦးမော်ကီး + ရဟန်းဒါယိကာမ ဒေါ်မွိုင်တို့ကို ပစ္စည်းလေးပါး ဒါယကာပြုလျက် ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။

1454665_788188911207211_1214033452_n၁၃၅၀ – ခုနှစ်တွင် တောင်ကြီးမြို့နယ်၊ ပန့်ပုန်းကျောင်းတိုက်၊ ဆရာတော်ဦးကောသလ္လထံတွင် ရှင်ကျင့်ဝတ်၊ ပရိတ်ကြီးစသည့် အခြေခံလောကုတ္တရာ စာပေကို စတင်သင်ကြားသည်။ ၁၃၅၁ ခုနှစ်တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၊ သံလွန်းပရိယတ္တိစာသင်တိုက်တွင် ဆက်လက်၍ မင်္ဂလသုတ်၊ လောကနီတိ စသည့် လောကုတ္တရာ စာပေများကို ဆက်လက် သင်ကြားသည်။ ၁၃၅၂ – ခုနှစ်မှ ၁၃၅၄ ခုနှစ်အထိ တောင်ကြီးမြို့၊ တပ်ဦးဥတ္တရာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော်ဦးပညာသိရီ (လက်ရှိ ပြည်နယ်သံဃနာယကဥက္ကဋ္ဌ မင်းကွန်းဆရာတော်) ထံတွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ၊ မူလတန်း၊ ပထမတန်းနှင့် ဒုတိယတန်းကို ဆက်လက်သင်ကြား အောင်မြင်တော်မူသည်။ ၁၃၅၅ ခုနှစ်မှ ၁၃၅၈ ခုနှစ်အထိ၊ ညောင်ရွှေမြို့နယ်၊ ကန်ကြီးပရိယတ္တိစာသင်တိုက်၊ ဆရာတော်ဦးဝိမလာဘိဝံသထံတွင် လောကုတ္တရာ ပညာများကို ဆက်လက်သင်ကြား၍ အစိုးရပထမငယ်ကို အောင်မြင်တော်မူသည်။ ၁၃၅၉ ခုနှစ်မှ ၁၃၆၇ ခုနှစ်အထိ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဆရာတော်ဦးရာဇဓမ္မာဘိဝံသထံတွင် ဆက်လက်၍ လောကုတ္တရာပညာများကို သင်ကြားရာ အစိုးရ ပထမလတ်တန်းနှင့် ပထမကြီးတန်းကို အောင်မြင်တော်မူသည်။ ၁၃၆၈ ခုနှစ်မှ ၁၃၇၁ ခုနှစ်တွင် မန္တလေးမြို့တွင် ဆက်လက်နေထိုင်၍ လေသာကျောင်းတိုက်၊ တောင်ပြင်စံကျောင်းတိုက်နှင့် ကျောက်ဆည်မြို့၊ ဧရာဝတီစာသင်တိုက်တို့တွင် နေထိုင်၍ လောကီပညာရပ်များကို ဆည်းပူးလေ့လာခဲ့သည်။
10885119_1046777245348375_6113319695883539979_n
၁၃၇၃ ခုနှစ်မှ ၁၃၇၆ ခုနှစ်အထိ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက်၊ ဆရာတော် ဦးရာဇိန္ဒာသိရီထံတွင် နေထိုင်၍ လေကီပညာရပ်များဖြစ်သည့် ကွန်ပျူတာပညာကို သင်ကြားပေးရင်း လူမှုဖွံ့ဖြိုးရေး ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သည်။ ၁၃၇၇ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဖောင်တော်ဆိုက်ကျေးရွာ တောင်ဘက်ရှိ ဘုရားကိုးဆူး စေတီတော်နှင့် ပင်းတယစေတီတော် တို့အနီးတွင် ရှိသည့် တောရဓမ္မာရုံကျောင်းတိုက်ကို အပ်နှံခြင်း ခံရသည်။ အပ်နှံပေးသူများမှာ စူဠာမုနိဆရာတော်၊ ပအိုဝ်းပိဋကတ် ဘာသာပြန်ဆရာတော်နှင့် နောင်တောင်းဆရာတော်တို့ ဖြစ်သည်။ ယခုအခါ ကွန်ပျူတာပညာ၊ အင်္ဂလိပ်ပညာနှင့် ဗေဒင်ပညာရပ်တို့ကို သင်ကြားပေးလျက်ရှိသည်။

print

Facebook Comments