ကျောင်းကလေးရဲ့ ရည်ရွယ်ချက်

ကျောင်းကလေးကို အသစ်တခု ရွေးချယ်ခွင့်ရှိတဲ့ အသိုင်းအဝိုင်းလေး တခု ပေါ်လာအောင် ဖွဲ့စည်းသွားမည်။ ကျောင်းကလေး၏ ပတ်ဝန်းကျင်သည် ယာလုပ်ဖို့ ခြံလုပ်ဖို့ ပြောင်းရွှေ့နေထိုင်သည့် တောင်သူလယ်သမားတွေ များ၏။ သူတို့သည် ယာတွေလုပ်ရင်း ခြံတွေလုပ်ရင်း ပြောင်းရွှေ့နေကြတဲ့အတွက် ဘာသာရေး၊ လူမှုရေး၊ ပညာရေးတွေမှာ အားနည်းကြသည်။ သို့အတွက် သူတို့ သင်ယူရန် လွယ်ကူသော ပညာရေးမျိုးကို ပေးမည်။ အဓိကမှာ သူတို့ကိုယ်သူတို့ ယုံကြည်ဖို့၊ သူတို့ ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်ဖို့ ပညာရေးမျိုးကို ဖြစ်မည်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထား လေးစားတတ်သော လူမှုအသိုင်းအဝိုင်းလေး ဖြစ်ရမည်။

ကျောင်းလေးထဲတွင် အတူလာရောက် နေထိုင်သော ကျောင်းသား ကျောင်းသူ သို့တည်းမဟုတ် ကူညီပေးသူ အားလုံးကိုလည်း တစ်ဦးချင်းစီ သူတို့ပန်းတိုင်နဲ့ သူတို့ ရပ်တည်စေမည်။ ထို့အတူ ဘုံပန်းတိုင်အတွက်လည်း သူတို့ ဝိုင်းဝန်းအားထုတ်ပေးတာမျိုး ဖြစ်ရမည်။ သူတို့လေးတွေ ဒီမှာ နေထိုင်စဥ်အတွင်းလည်း ပရဟိတ မျိုးစေ့ ဖြစ်ရန်အတွက် စေတနာ့ဝန်ထမ်း အဖြစ်သာ ဖြစ်မည်။

တယောက်နဲ့ တယောက် ချစ်တတ်ခြင်း၊ မောင်ရင်းနှမ ဆွေမျိုးရင်းချာ စိတ်မွေးခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ ဝိဉာဥ်ပိုင်းဆိုင်ရာတွေ တိုးတက် ကောင်းမွန်ရန် လေ့ကျင့်ခြင်း၊ သိမြင်နားလည်နိုင်တဲ့ သတ္တိစွမ်းရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်များ ပြည့်ဝစေခြင်းတို့ကို ဦးစားပေးမည်။ လုပ်ငန်းတိုင်း ကြီးပွားတိုးတက်မှု အခြေပြုသော ကိုယ် နှုတ် စိတ်တို့ ဖြစ်နေရမည်။ မိမိကိုယ်တိုင်လည်း ဆုံးဖြတ်ချက် ချနိုင်ခြင်း၊ သူတပါး ဆုံးဖြတ်ချက်ကိုလည်း လက်ခံနိုင်ခြင်းစွမ်းရည်လည်း ပြည့်ဝစေမည်။

img_1074

သို့အတွက် လှုပ်ဆောင်မည့် လုပ်ဆောင်ချက်များ
(၁) စာအုပ်များ ဖတ်စေခြင်း/ သင်တန်းပေးခြင်း
(၂) ဗဟုသုတဝေငှခြင်း/ ဆွေးနွေးပွဲ ပြုလုပ်ခြင်း
(၃) သဘာဝတရားနှင့်ညီသော နေထိုင်မှုဖြင့် နေထိုင်ခြင်း
(၄) အခြားအဖွဲ့အစည်းသင်တန်းသို့ ပို့ခြင်း
(၅) နည်းပညာများ သင်ပေးခြင်း/လေ့လာစေခြင်း
(၆) ဗုဒ္ဓတရားတော်များကို ဆွေးနွေးခြင်း

ဖြစ်စဥ်အားဖြင့် ကမောက်ကမ ဆန်ပြီး အစဉ်ကျသော အနေအထားဖြင့်သာ တစ်ဆင့်ချင်း တက်သွားပါမည်။ အဓိက ဦးစားပေး လုပ်သွားမည့် အချက်အလက်များ ဖြစ်သည်။

print

Facebook Comments