img_8380ပါရမီကျောင်းတိုက်သည် တောင်ကြီးမြို့နယ်၊ မြန်မာအစိုးရအလို နမ့်ဆီးကျေးရွာအုပ်စု၊ ပအိုဝ်းတိုင်းရင်းသား အလို ဖောင်တော်ဆိုက်အုပ်စု ဖောင်တော်ဆိုက်ရွာ၏ တောင်ဘက် ဘုရားကိုးဆူ စေတီတည်ထားကိုးကွယ်သည့် တောင်တော်နှင့် ပင်းတယစေတီတော်တည်ထားသည့် နေရာမြေတွင် တည်ရှိသည်။ ကျောင်းတိုက်ကို ၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက်၊ (၂၀၊၃၊၂၀၁၆) ခုနှစ်သောကြာနေ့တွင် လက်ရှိ ကျောင်းထိုင်သည့် ဆရာတော်ကို တောင်ကြီးမြို့၊ မြို့နယ်အတွင်းရေးမှူး ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဂုဏာဝံသာလင်္ကာရ (စူဠာမုနိဆရာတော်) နှင့် ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာ၊ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းတိုက်မှ ရှမ်းပြည်တောင်ပိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိတို့မှ ပေးအပ်ခဲ့သည်။

ယခင်မှ ကျောင်းတိုက်ကို လက်ရှိ ကျောင်းထိုင်ဆရာတော်အား မအပ်မီ ဖောင်တော်ဆိုက် ကျေးရွာမှ ရပ်မိ ရပ်ဖများက တောင်ကြီးမြို့၊ မြို့နယ် အတွင်းရေးမှူး ဆရာတော်ဖြစ် ဘဒ္ဒန္တဂုဏာဝံသာလင်္ကာရဆရာတော်ကို ဦးစွာ အပ်နှင်းခဲ့သည်။ ထိုဆရာတော်မှတဆင့် တောင်ကြီးမြို့ ပအိုဝ်းပိဋကတ်ဘာသာပြန် ဆရာတော် ဖြစ်သည့် နောင်တဗန်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရကို လွှဲအပ်ခဲ့သည်။ ဆရာတော်မှ ပိဋကတ်ဘာသာပြန်သည့် လုပ်ငန်းများ မပြီးပြတ်သေးသဖြင့် လက်ရှိ ကျောင်းကို မစီမံနိုင်သဖြင့် နောင်တောင်းဆရာတော်ထံ ၁၃၇၆ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၃) ရက် (၇ ၊၁ ၊ ၂၀၁၆) နေ့တွင် ဟိုပုံးမြို့ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက် ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တရာဇိန္ဒာသီရိသို့ လွှဲအပ်ခဲ့သည်။ နောင်တောင်းဆရာတော်မှ လက်ရှိ ကျောင်းထိုင်သည့် ဆရာတော်ကို ထိုနေ့တွင်ပင် ထပ်မံတာဝန်ပေး၍ လွှဲအပ်ခဲ့သည်။

img_8384
ကျောင်းအပ်ပွဲကို ၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း (၁) ရက် (၂၀၊ ၃၊ ၂၀၁၆) သောကြာနေ့တွင် တောင်ကြီးမြို့၊ မြို့နယ် သံဃနာယကအဖွဲ့ဝင် အတွင်းရေးမှူး ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဂုဏာဝံသလင်္ကာရ၊ တောင်ကြီးမြို့ ပအိုဝ်းပိဋကတ်ဘာသာပြန်ဆရတော် ဘဒ္ဒန္တစန္ဒာဝရနှင့် နောင်တောင်းပရဟိတတပ်ဦးကျောင်းတိုက် ဆရတော် ဘဒ္ဒန္တရာဇိန္ဒသီရိတို့ကိုယ်တိုင် ဟိုပုံးမြို့နယ်၊ လွယ်တန်းဆရာတော် ဘဒ္ဒန္တနိမ္မလ၊ တောင်ကြီးမြို့နယ်၊ စခဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒာဝုဓ၊ တောင်ကြီးမြို့နယ် ပင်ငိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ၊ တောင်ကြီးမြို့နယ်၊ ကံ့ကော်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒိယနှင့် တောင်ကြီးမြို့၊ ဖောင်တော်ဆိုက် ကျောင်းဆရာတော် ဘဒ္ဒန္တစိန္တိတတို့နှင့်အတူ နံနက်ခင်း (၁၀း၀၀) နာရီတွင် ကျောင်းတိုက်ကို အပ်နှံခဲ့သည်။

ထိုအပ်နှံပွဲကို ဖောင်တော်ဆိုက် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ဖောင်တော်ဆိုက်ရွာ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးဆက်၊ အောင်မွူးရွာ ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ကမ္ဘောဇဘိလပ်မြေစက်ရုံ စက်ရုံမှူး ဦးဝင်းထိန်တို့နှင့်အတူ ကျောင်းတကာ ခွန်ပေါကီး၊ ဦးကိုး၊ ဦးမိုးကြီး (လုဲင်းငေါက်)၊ ဦးလှစိန်၊ ဦးဗွာ (နောင်ချို) တို့လည်း လက်မှတ်ထိုး၍ အသိအမှတ်ပြုခဲ့သည်။ ဤကား ကျောင်းတိုက် စတင်ဖြစ်ပေါ်လာသည့် အခြေခံ သမိုင်းဖြစ်ပါသည်။

print

Facebook Comments